Tender Announcement

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

 

(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။      ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါ တည်ဆောက်ရေးနှင့်အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအား တိုင်းရင်းသားလုပ်ငန်းရှင်များ မှ တင်ဒါအဆိုပြုလွှာ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

(က) အပင်ရောဂါဗေဒဌာန အကြီးစားမွမ်းမံပြင်ဆင်ခြင်း(၂)ထပ် (၁၆၀’ × ၄၈’ × ၂၄’)

(ခ)   ငွေတောင်အမျိုးသမီး(အပေါ်)ဆောင် အကြီးစားမွမ်းမံပြင်ဆင်ခြင်း (၂)ထပ်

(၁၇၄’ × ၃၈’ × ၁၈’)

(ဂ)   နဝင်းအမျိုးသမီး(အောက်)ဆောင် အကြီးစားမွမ်းမံပြင်ဆင်ခြင်း (၂)ထပ်

(၁၇၄’ × ၃၈’ × ၁၈’)

(ဃ)  ရေနံ့သာအမျိုးသမီး(အောက်)ဆောင် အကြီးစားမွမ်းမံပြင်ဆင်ခြင်း (၂)ထပ်

(၁၇၄’ × ၃၈’ × ၁၈’)

(င)   ကင်းတားအမျိုးသမီး(အောက်)ဆောင် အကြီးစားမွမ်းမံပြင်ဆင်ခြင်း (၂)ထပ်

(၁၇၄’ × ၃၈’ × ၁၈’)

(စ)  မြနန္ဒာအမျိုးသမီး(အပေါ်)ဆောင် အကြီးစားမွမ်းမံပြင်ဆင်ခြင်း (၂)ထပ်

(၁၇၄’ × ၃၈’ × ၁၈’)

(ဆ) ဓာတုဗေဒဌာန လက်တွေ့ဓာတ်ခွဲခန်း အကြီးစားမွမ်းမံပြင်ဆင်ခြင်း (၁၂၀’ × ၄၃’× ၁၂’)

(ဇ)  ပါမောက္ခချုပ်ရုံးဟောင်းတိုးချဲ့ဆောင် အကြီးစားမွမ်းမံပြင်ဆင်ခြင်း (၁၂၀’ × ၄၃’ ×၁၂’)

(ဈ) RC အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း (၁၅၀၀’ × ၇’)

၂။      တင်ဒါအဆိုပြုလွှာများကို    ၁၀ . ၄ . ၂၀၁၉ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ နောက်ဆုံးထား တင်သွင်းရမည်။

၃။      Pre-Bid Meeting Session နှင့် on-site explanation အား  ၂၈ . ၃ . ၂၀၁၉ ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

၄။      အိတ်ဖွင့်တင်ဒါပုံစံများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(ငွေကိုင်ဌာန)၊ နေပြည်တော် (ဖုန်း-၀၆၇-၃၄၁၆၆၈၆) တွင် ဆက်သွယ်ရယူနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန