2019 Entrance Announcement

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝင်ခွင့် လျှောက်လွှာခေါ်ယူခြင်း

Fonts = Myanmar 3 

၁။      ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်၊ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc)၊  (၅)နှစ် သင်တန်းအတွက် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ လျှောက်ထားနိုင်သည်။

၂။      လျှောက်ထားသူသည် –

(က)    ဝင်ခွင့်လျှောက်ထားချိန်၌  တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေ နှင့်ကိုက်ညီသော  နိုင်ငံသား ဖြစ်ရမည်။

(ခ )    တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူ ဖြစ်ရမည်။

(ဂ )    တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၄၀၀)နှင့်အထက် ရရှိသူ ဖြစ်ရမည်။

(ဃ)    ကွင်းလက်တွေ့  လုပ်ငန်းများတွင် ကျောင်းသား၊  ကျောင်းသူများ  ကိုယ်တိုင်ပါဝင် လေ့ကျင့် လုပ်ဆောင်ကြရမည်ဖြစ်ပါသဖြင့်    ကျန်းမာရေး ကောင်းမွန်ကြောင်းနှင့် ကျောင်းအပ်နှံချိန် ကာလအတွင်း (သက်ဆိုင်ရာ တက္ကသိုလ်တွင်ရှိသည့် တိုက်နယ် ဆေးရုံ) စစ်ဆေးခံရမည်။

(င )    တက္ကသိုလ်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်။

၃။      (က)    အမျိုးသားဦးရေ (၁၅၀)နှင့် အမျိုးသမီးဦးရေ(၁၅၀) စုစုပေါင်း(၃၀၀)ဦး လက်ခံမည်။

(ခ )    နိုင်ငံတော်ကထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများနှင့် ကိုယ်ပိုင်

အုပ်ချုပ်ခွင့်ရဒေသများမှ သတ်မှတ်ထားသည့် အမှတ်နှင့်ကိုက်ညီသော လျှောက်ထား သူများကို စုစုပေါင်း လက်ခံဦးရေ၏ ၁၀% အထိ ရရှိရန် ရွေးချယ်ဆောင်ရွက်ပါမည်။

၄။      ပထမနှစ်ဝင်ခွင့်  လျှောက်လွှာပုံစံမှာ   အောက်ဖော်ပြပါအတိုင်းဖြစ်ပြီး  မိမိအစီအစဉ်ဖြင့်  (A4-Size) ကွန်ပျူတာရိုက်၍ လျှောက်ထားနိုင်သလို အောက်ပါ Link များတွင် လည်းDownload ဆွဲ၍ ရယူနိုင်ပါသည်။

(www.yau.edu.mm/category/news)

(https://www.facebook.com/YezinAgriculturalUniversity)

၅။      ပထမနှစ်ဝင်ခွင့် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက် အထားများ ပူးတွဲ တင်ပြရမည်။

(က)    တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံချက်(မူရင်း)

(ခ )    အမှတ်စာရင်း(မူရင်း)

(ဂ )    လျှောက်ထားသူနှင့်မိဘနှစ်ပါးတို့၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)

(ဃ)    အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်း ထောက်ခံချက်(မူရင်း) (သို့မဟုတ်) သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်(မူရင်း)

(င )    လိုင်စင်ဓာတ်ပုံ (၃)ပုံ

၆။      လျှောက်လွှာကို ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၁၃ သို့  ၂၃ – ၈ – ၂၀၁၉(သောကြာနေ့) နောက်ဆုံးထား၍ ပေးပို့ရမည်။ သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်လွှာများ၊ မပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ မမှန်မကန် ဖော်ပြ၍ လျှောက်ထားကြောင်း စစ်ဆေးတွေ့ရှိပါက ရွေးချယ်ခြင်း ခံရစေကာမူ ပယ်ဖျက်ခြင်း၊ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရမည်။

၇။      အကယ်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှု မဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့်  စိစစ်ရွေးချယ်ရေးအဖွဲ့က ကြေညာ သတ်မှတ်ထားသော နည်းလမ်းအတိုင်း တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ဖြင့် အခြားတက္ကသိုလ်များသို့လည်း လျှောက် ထားရန် လိုအပ်မည် ဖြစ်သည်။

၈။      အသေးစိတ် သိရှိလိုပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန ဖုန်း-၀၆၇ – ၃၄၁၆၅၁၂ နှင့် ဝန်ထမ်းရေးရာဌာန ဖုန်း – ၀၆၇ – ၃၄၁၆၅၁၃ တို့ကို ဆက်သွယ်စုံစမ်းနိုင် ပါသည်။

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ပထမနှစ်ဝင်ခွင့်လျှောက်လွှာ Download