top of page

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
(၃၁) ကြိမ်မြောက်ဘွဲ့နှင်းသဘင်ကြေညာချက်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

Mar 16, 2023

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှကျင်းပခဲ့သော ပါရဂူဘွဲ့၊ စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့၊ စိုက်ပျိုးရေးမဟာဒဿနဘွဲ့၊ စိုက်ပျိုးရေးဘွဲ့လွန်ဒီပလိုမာဘွဲ့နှင့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ စာမေးပွဲ အသီးသီးကို အောင်မြင်သူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (၃၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်ဘွဲ့ယူရန် (သို့မဟုတ်) အဝေးရောက်ဘွဲ့ယူရန် လျှောက်ထားနိုင်ပါသည်။

(၂၀၂၀ ခုနှစ် မတိုင်မီ ဘွဲ့ရရှိသူများ အဝေးရောက်ဘွဲ့ကိုသာ လျှောက်ထားနိုင်ပါသည်။)

(၁)    လျှောက်လွှာပုံစံများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စာမေးပွဲနှင့်ဘွဲ့နှင်းဌာနမှ ရယူ၍ (သို့မဟုတ်) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ website www.yau.edu.mm မှ ယင်းပုံစံ (နှစ်မျက်နှာ)ကို ရယူပြီး ဖော်ပြပါ လျှောက်လွှာပုံစံအတိုင်း (A4-size) ကွန်ပျူတာရိုက်၍ ပြည့်စုံစွာဖြည့်စွက်ပြီး ပေးပို့လျှောက်ထားနိုင်သည်။ ဘွဲ့နှင်းသဘင်သို့ တက်ရောက်မည် (သို့မဟုတ်) အဝေးရောက်ဘွဲ့ယူမည်ကို တိကျစွာ ဖော်ပြရမည်။ တက်ရောက်ရန် လျှောက်ထားပြီး ပျက်ကွက်သူများ၏ ဘွဲ့လက်မှတ်များကို အဝေးရောက် ဘွဲ့လက်မှတ် များ ထုတ်ပေးသည့် အချိန်မှသာ ထုတ်ပေးပါမည်။

(၂)     လျှောက်ထားသူသည် (၁)လအတွင်း ရိုက်ကူးထားသော(၂ လက်မx၁.၅ လက်မအရွယ်) (ဓါတ်ပုံနောက်ခံအပြာနုရောင်) ရောင်စုံဓါတ်ပုံ  (၃)ပုံနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ ပူးတွဲ၍ လျှောက်ထားရမည်။

(၃)      လျှောက်ထားသူများသည် ဘွဲ့နှင်းသဘင်ကြေး တက်ရောက်ဘွဲ့အတွက် ၁၅၀၀/- (ကျပ်တစ်ထောင့်ငါးရာတိတိ) နှင့် အဝေးရောက်ဘွဲ့အတွက် ၁၀၀၀/- (ကျပ်တစ်ထောင် တိတိ) ပေးသွင်းရမည်။

(၄)     ဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်သူများသည် အစမ်းလေ့ကျင့်ပွဲနှင့် ဘွဲ့နှင်းသဘင် အခမ်းအနားတို့တွင် မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ (အမျိုးသား) တို့အနက် နှစ်သက်ရာဝတ်စုံကို အပြည့်အစုံဝတ်ဆင်၍ တက်ရောက် ကြရမည်။ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့် ကိုက်ညီမှုမရှိသော ဝတ်စားဆင်ယင်မှုဖြင့် တက်ရောက်ခြင်းကို လုံးဝ ခွင့်ပြုမည် မဟုတ်ပါ။

(၅)     လျှောက်လွှာများနှင့် ဖော်ပြပါ မိတ္တူများကို (၁၈-၄-၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင် (သို့မဟုတ်) စာမေးပွဲနှင့်ဘွဲ့နှင်းဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဇေယျာသီရီမြို့နယ်၊ နေပြည်တော်စာတိုက်သေတ္တာအမှတ် ၁၅၀၁၃ (သို့မဟုတ်) E.mail လိပ်စာ yauexam@yau.edu.mm သို့ Scan ဖတ်၍ ပေးပို့ လျှောက်ထားရမည်။

(၆)     ဘွဲ့နှင်းသဘင်ကြေးကို လူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ်ဖြင့်ဖြစ်စေ (သို့မဟုတ်) ရပ်ဝေးမှ ပေးပို့လိုသူများသည် သတ်မှတ် ဘွဲ့နှင်းသဘင်ကြေးကို စာတိုက် ငွေပို့လွှာဖြင့်  ပါမောက္ခချုပ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ထံသို့ လိပ်မူပေးပို့၍ ငွေပို့လွှာ အောက်ခြေတွင် ဘွဲ့နှင်းသဘင်ကြေးဟု ဖော်ပြပြီး လျှောက်လွှာရှင် အမည်၊ ဘွဲ့ရစာမေးပွဲ အောင်မြင်သည့် ခုံအမှတ်၊ ခုနှစ်၊ လ နှင့် နေရပ်လိပ်စာတို့ကို တိကျစွာ ဖော်ပြရပါမည်။

(၇)     ဘွဲ့ဝတ်စုံများကို ဘွဲ့နှင်းသဘင်ကြေး ပေးသွင်းပြီးကြောင်း ငွေရပြေစာ တင်ပြလျက် ဤတက္ကသိုလ်တွင် (၂-၅-၂၀၂၃)ရက်မှ စ၍ ငှားရမ်း ထုတ်ယူနိုင်ပါသည်။

(၈)     ဘွဲ့နှင်းသဘင်ကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းအတိုင်း ကျင်းပနိုင်ရေးအတွက် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ကျင်းပမည့်နေ့                            - ၂၀၂၃ ခုနှစ်၊ မေလ(၇)ရက်၊ တနင်္ဂနွေနေ့

ကျင်းပမည့်အချိန်                        - နံနက်(၈:၀၀)နာရီ

အစမ်းလေ့ကျင့်မည့်နေ့ရက်          - ၂၀၂၃ ခုနှစ်၊ မေလ(၆)ရက်၊ စနေနေ့

အစမ်းလေ့ကျင့်မည့်အချိန်            - နံနက် (၈:၀၀)နာရီ

ကျင်းပမည့်နေရာ                        - ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ

(၉)   အသေးစိတ်သိရှိလိုပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စာမေးပွဲနှင့်ဘွဲ့နှင်းဌာန          (ဖုန်း-၀၆၇-၃၄၁၆၆၈၇) နှင့် E-mail လိပ်စာ yauexam@yau.edu.mm သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။ ထို့အပြင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ website www.yau.edu.mm သတင်းတွင်လည်း ရှာဖွေကြည့်ရှုနိုင်ပါသည်။

(ဘွဲ့လျှောက်လွှာပုံစံ နှစ်မျက်နှာ အောက်တွင် ပူးတွဲဖော်ပြထားပါသည်။)


 ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ကျင်းပရေးဗဟိုကော်မတီ

bottom of page