Call for Post Graduate Students (Ph.D and M.Sc)

 

ပါရဂူနှင့်မဟာသိပ္ပံသင်တန်းသားများခေါ်ယူခြင်း

(Font = Myanmar 3)

၁။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အဆင့်မြင့်စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဗဟိုဌာန (ACARE)စီမံကိန်းဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် အိန္ဒိယစိုက်ပျိုးရေးသုတေသန တက္ကသိုလ် တို့ ပူးတွဲဖွင့်လှစ် သင်ကြားမည့် ပါရဂူနှင့် မဟာသိပ္ပံသင်တန်းများတက်ရောက်ရန် လျှောက်လွှာများ ခေါ်ယူအပ်ပါသည်။

၂။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပါရဂူနှင့် မဟာသိပ္ပံသင်တန်းများတွင် အောက်ဖော်ပြပါအထူးပြု ဘာသာရပ်များ သင်ကြားမည်ဖြစ်ပါသည်။

 

 စဉ်      သင်ကြားမည့်ဘာသာရပ်များ
၁။ Agricultural Extension
၂။ Food Engineering and Technology
၃။ Molecular Biology and Biotechnology

 

၃။ သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း အထောက်အထားမူရင်းနှင့်မိတ္တူများကို တင်ပြရမည်-

(က)  လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်ရမည်။ (နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်း/မိတ္တူတင်ပြနိုင်ရမည်။)

(ခ)  စိုက်ပျိုးရေးသိပ္ပံဘွဲ့(B.Agr.Sc.)ရရှိပြီးသူဖြစ်ရမည်။

(ဂ) အစားအစာအင်ဂျင်နီယာနှင့်နည်းပညာဘာသာရပ်တွင် မဟာသိပ္ပံသင်တန်းအတွက် စိုက်ပျိုးရေး ပညာဘွဲ့၊ မွေးမြူရေးဆိုင်ရာဆေးပညာဘွဲ့၊ အစားအစာသိပ္ပံဘာသာနှင့် ဆက်နွယ်သည့် သိပ္ပံဘွဲ့ တစ်ခုခု ရရှိသူ များနှင့် အင်ဂျင်နီယာဘွဲ့ရရှိသူများ လျှောက်ထားနိုင်ပြီး ပါရဂူဘွဲ့အတွက် စိုက်ပျိုးရေး ပညာမဟာဘွဲ့၊ မွေးမြူရေးဆိုင်ရာဆေးပညာမဟာဘွဲ့၊ အစားအစာသိပ္ပံဘာသာနှင့် ဆက်နွယ်သည့် မဟာဘွဲ့ တစ်ခုခု ရရှိသူများနှင့် အင်ဂျင်နီယာမဟာဘွဲ့ ရရှိသူများ လျှောက်ထားနိုင်သည်။

(ဃ) (၂၁-၉-၂၀၁၈)ရက်နေ့တွင် အသက်(၄၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(င)  မဟာသိပ္ပံသင်တန်းကာလမှာ (၂)နှစ်နှင့် ပါရဂူသင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး သင်တန်းသို့ အချိန်ပြည့် တက်ရောက်နိုင်သူဖြစ်ရမည်။

(စ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဦးစီးဌာနမှ အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်မူရင်း တင်ပြရမည်။

(ဆ)  ပညာသင်ကာလ ရပ်နားခွင့်မပြု၊ ခြွင်းချက်အဖြစ် ပညာသင်ကိုယ်တိုင် ကျန်းမာရေးကိစ္စ အတွက် သာ သက်ဆိုင်ရာအသိအမှတ်ပြုဆရာဝန်၏ ဆေးလက်မှတ်ဖြင့် အများဆုံး ပညာသင်နှစ် (၁)နှစ်  (သို့မဟုတ်)တစ်ဆက်တည်း Semester နှစ်ခု (သို့မဟုတ်) အပြီးတိုင်ရပ်နားခြင်းခွင့်ပြုသည်။ ပညာသင်နှစ် ကာလရပ်နားခွင့်အား သက်ဆိုင်ရာမိခင်ဌာန၏ ခွင့်ပြုချက်ဖြင့်သာ ရပ်နားခွင့် ရှိသည်။

 

(ဇ) ပြည်တွင်းရှိ တက္ကသိုလ်/ကောလိပ်များတွင် မဟာ/ပါရဂူဘွဲ့ သင်တန်းများသို့ အစိုးရဝတ္တရား               (On deputation)ဖြင့် တက်ရောက်နေစဉ် ပြည်ပသင်တန်းများသို့ လျှောက်ထားခြင်း/ တက်ရောက် ခြင်းကိုခွင့်မပြု။

၄။ လျှောက်လွှာပုံစံများကို ၃-၉-၂၀၁၈(တနင်္လာနေ့)မှစ၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ရယူနိုင်ပြီး      ၂၁-၉-၂၀၁၈ ရက်(သောကြာနေ့) နောက်ဆုံးထား၍ ကိုယ်တိုင်လျှောက်ထားရမည်။

၅။ လုပ်ငန်းဌာနများမှ လျှောက်ထားလိုသူများသည် သတ်မှတ်ထားသည့်လျှောက်လွှာနှင့်အတူ ပညာ အရည်အချင်းအတွက် အောင်မြင်ကြောင်းထောက်ခံစာမိတ္တူနှင့် အမှတ်စာရင်းမိတ္တူများ၊ ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊  ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ စခန်းတခုခုမှ ထောက်ခံစာမူရင်းတို့ကိုပူးတွဲလျက် မိမိတို့လုပ်ငန်းဌာန ရုံးချုပ်မှတစ်ဆင့် စီမံကိန်းဦးစီး ဌာနသို့ လျှောက်ထားရမည်။

၆။ စီမံကိန်းဦးစီးဌာနမှ စိစစ်ပြီး လျှောက်လွှာများကိုစုစည်း၍ (၂၈-၉-၂၀၁၈) နောက်ဆုံးထား၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ပေးပို့ရမည်ဖြစ်သည်။

၇။ စာမေးပွဲဖြေဆိုခွင့်ရရှိသူများသည် စာမေးပွဲကြေး ၁၀၀ဝိ/-(ကျပ်တစ်ထောင်တိတိ)ကို ဤတက္ကသိုလ် ငွေကိုင်ဌာနသို့ (၃-၁၀-၂၀၁၈ မှ ၄-၁၀-၂၀၁၈)အထိ ပေးသွင်းရမည်ဖြစ်ပါသည်။

၈။ ဝင်ခွင့်အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်သည်။

(က) ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက် (အင်္ဂလိပ်စာ)                         ။   ။ ၈- ၁၀-၂၀၁၈ (တနင်္လာနေ့)

ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက် (သက်ဆိုင်ရာဘာသာရပ်)        ။   ။ ၉- ၁၀-၂၀၁၈ (အင်္ဂါနေ့)

(ခ) ရေးဖြေစာမေးပွဲကျင်းပမည့်အချိန်                                                 ။   ။ နံနက်(၉:၀၀-၁၂:၀၀)နာရီ

(ဂ) နှုတ်မေးစာမေးပွဲကျင်းပမည့်နေ့ရက်                                               ။   ။  ၃၁- ၁၀-၂၀၁၈(ဗုဒ္ဓဟူးနေ့)

နှုတ်မေးစာမေးပွဲကျင်းပမည့်အချိန်                                                 ။   ။  နံနက်(၈:၀၀)နာရီ

၉။ ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် လာရောက်သည့်အခါ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို တစ်ပါတည်းယူဆောင်လာရမည်။

၁၀။ ရေးဖြေစာမေးပွဲအောင်မြင်သူများကို ၃၁-၁၀-၂၀၁၈(ဗုဒ္ဓဟူးနေ့)တွင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၌ လူတွေ့စစ်ဆေးမည်။ သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏အမည်စာရင်းနှင့် သင်တန်း စတင် ဖွင့်လှစ်မည့်ရက်များကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ထုတ်ပြန်ကြေညာပေးမည်။

၁၁။ သတ်မှတ်ထားသည့်အချက်အလက်များ တိကျမှန်ကန်ပြည့်စုံစွာရေးသားဖော်ပြခြင်းမရှိသော လျှောက်လွှာ များ၊ မမှန်မကန်ဖြည့်စွက်ရေးသား ဖော်ပြထားသော လျှောက်လွှာများနှင့် အချိန်မီ မရောက်ရှိသော လျှောက်လွှာ များအား ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။

၁၂။ အသေးစိတ်သိရှိလိုပါက စီမံရေးရာဌာန ဖုန်း-၀၆၇-၃၄၁၆၅၁၃နှင့် စာမေးပွဲနှင့်ဘွဲ့နှင်းဌာန                 ဖုန်း-၀၆၇-၃၄၁၆၆၈၇ တို့တွင် ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

(Font = Myanmar 3)