Announcement 2017-2018

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သင်တန်းများ ပိတ်ရက်/ဖွင့်ရက် ကြေညာခြင်း

 ၁။       ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်   ၂၀၁၇-၂၀၁၈  ပညာသင်နှစ်  (ဒုတိယနှစ်ဝက်) ဘွဲ့ကြို/ ဘွဲ့လွန်သင်တန်းအားလုံး၏ ကျောင်းပိတ်ကာလကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့အထိ သတ်မှတ်လိုက်သည်။

၂။         ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (ပထမနှစ်ဝက်) ဘွဲ့ကြို/ ဘွဲ့လွန်သင်တန်းများအားလုံး၏     ကျောင်းဖွင့်ကာလကို    ၂၀၁၈ ခုနှစ်၊   နိုဝင်ဘာလ (၁၉)ရက်၊

တနင်္လာနေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

၃။         ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် ဘွဲ့လွန်သင်တန်း တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းလခနှင့် စာမေးပွဲကြေးများကို (၁၉-၁၁-၂၀၁၈)ရက်နေ့မှ (၂၃-၁၁-၂၀၁၈)ရက်နေ့ထိ ရုံးဖွင့်ရက်များတွင်  ပေးသွင်းရန်သတ်မှတ်ပြီး နိုဝင်ဘာလ(၂၆)ရက်နေ့ မှစ၍ သင်တန်းများစတင်သင်ကြားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

မှတ်ချက်။      ။နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းလခနှင့် အခကြေးငွေ ပေးသွင်းရန်ကြေညာချက်ကို လုပ်ငန်းခွင်အကြို ထွန်စက်မောင်းကျွမ်းကျင်မှု သင်တန်း တက်ရောက်သည့်ကာလအတွင်း ထပ်မံ ကြေညာပေးမည်ဖြစ်ပါသည်။