First Year Entrance Announcement

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပထမနှစ်သင်တန်း တက်ရောက်ခွင့်ရရှိသော ကျောင်သား/သူများစာရင်း ထုတ်ပြန်ကြေညာလိုက်သည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပထမနှစ်တက်ရောက်ခွင့်ရ ကျောင်းသား၊ကျောင်းသူများသည် ကျောင်းအပ်မှတ်ပုံတင်မည့် အခကြေးငွေနှင့် သင်ယူရမည့် ဘာသာရပ်များစာရင်းသွင်းရက်ကို (၁၉-၁၁-၂၀၁၈)ရက်နေ့မှ (၂၃-၁၁-၂၀၁၈) ရက်နေ့အထိ ဆောင်ရွက်ရန်သတ်မှတ်ပြီး (၂၆-၁၁-၂၀၁၈)ရက်၊ တနင်္လာနေ့တွင် သင်ခန်းစာများ စတင်သင်ကြားမည် ဖြစ်ပါသည်။

ပထမနှစ် ကျောင်းသား၊ကျောင်းသူများအား မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှင့် ပတ်သက်သည့် သင်ကြားရေးဆိုင်ရာများ၊ စည်းကမ်းပိုင်းဆိုင်ရာများကို ပါမောက္ခချုပ်မှ (၁၉-၁၁-၂၀၁၈)ရက်၊ တနင်္လာနေ့တွင် ရှင်းလင်းပြောကြားမည် ဖြစ်ပါသဖြင့် ပထမနှစ်သင်တန်းသို့ တက်ရောက်မည့်  ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ ကိုယ်တိုင် မပျက်မကွက် တက်ရောက်ပါရန်တစ်ပါတည်း အသိပေး အကြောင်းကြားပါသည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်