January 29, 2021

Day

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးနိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ဖို့ အရည်အသွေးပြည့်ဝသော ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ် ဆိုင်ရာများကို ပြည့်ပြည့်ဝဝ နားလည်ကျွမ်းကျင်သော ပညာရှင်များ လိုအပ်ပါသည်။ ထိုကျွမ်းကျင်မှုများကို အတွေ့အကြုံများမှ လေ့လာဆည်းပူးသင်ယူကြရသကဲ့သို့ သုတေသနလုပ်ငန်း ဆောင်ရွက်မှုများမှတဆင့်လည်း ရယူနိုင်ကြပါသည်။ သုတေသနလုပ်ငန်းများမှတဆင့် ဆန်းသစ်တီထွင်မှုများ ဖြစ်ပေါ်လာကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အလွန်အရေးပါလှ ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁၀ : ၀၀) နာရီ တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်စုဝေးခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ယာကဏ္ဍပညာသင်များ၏ အတွေ့အကြုံစာတမ်းဖတ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ...
Read More

Follow Us

Twitter

Recent Posts