စိုက်ပျိုးရေးတက္ကသိုလ် (၉၆)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် နှစ်ထပ်ကျောင်းဆောင်သစ် နှစ်ဆောင်နှင့် ဌာနသစ်လေးခု တိုးချဲ့ဖွဲ့စည်းခြင်းအခမ်းအနား။ (ဒီဇင်ဘာလ ၂၂ရက် ၂၀၂၀ခုနှစ်)

စိုက်ပျိုးရေးတက္ကသိုလ် (၉၆)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်နှစ်ထပ်စာသင်ဆောင် နှစ်ဆောင်နှင့် ဌာနသစ်လေးခု တိုးချဲ့ဖွဲ့စည်းခြင်း အခမ်းအနားကို ဒီဇင်ဘာလ (၂၂)ရက် နံနက် (၈)နာရီတွင် စိုက်ပျိုးရေးတက္ကသိုလ် နှစ်ထပ်စာသင်ဆောင် ခန်းမ(၂)၌ ကျင်းပခဲ့ပါသည်။

ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဉီးလှကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူမှ  အဆိုပါ အဆောက်အအုံများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ နှစ်ထပ်စာသင်ဆောင်နှစ်ဆောင်တွင် ရုံးခန်း၊ စာသင်ခန်းမနှင့် လက်တွေ့ခန်းများပါဝင်ပြီး ဌာနသစ်လေးခုအနေဖြင့် Depatment of Agricultural Extension, Department of Agricultural Microbiology, Department of Agricultural Biotechnology, Department of Food Science and Technology စသည့် ဌာနလေးခုကို တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

Photo Credit: စိုက်ပျိုးရေး – ပြန်ကြားရေးဌာနစိတ်

Follow Us

Twitter

Recent Posts