Activities

Category

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးနိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ဖို့ အရည်အသွေးပြည့်ဝသော ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ် ဆိုင်ရာများကို ပြည့်ပြည့်ဝဝ နားလည်ကျွမ်းကျင်သော ပညာရှင်များ လိုအပ်ပါသည်။ ထိုကျွမ်းကျင်မှုများကို အတွေ့အကြုံများမှ လေ့လာဆည်းပူးသင်ယူကြရသကဲ့သို့ သုတေသနလုပ်ငန်း ဆောင်ရွက်မှုများမှတဆင့်လည်း ရယူနိုင်ကြပါသည်။ သုတေသနလုပ်ငန်းများမှတဆင့် ဆန်းသစ်တီထွင်မှုများ ဖြစ်ပေါ်လာကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အလွန်အရေးပါလှ ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁၀ : ၀၀) နာရီ တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်စုဝေးခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ယာကဏ္ဍပညာသင်များ၏ အတွေ့အကြုံစာတမ်းဖတ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ...
Read More
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (NCSA Center) ၏ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတု ဒဏ် ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်း အတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများ ဆိုင်ရာ စာတမ်းဖတ်ပွဲ(ဇန်နဝါရီလ ၂၂ရက် ၂၀၂၁ခုနှစ်) ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၊ မြန်မာနိုင်ငံ FAO-SLM စီမံကိန်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး ဗဟိုဌာန (NCSA Center) တို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ်မြောက် အလုပ်ရုံ ဆွေးနွေးပွဲ နှင့် ရာသီဥတု ဒဏ်ခံနိုင်ရှည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး...
Read More
စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရများအသင်း (AUAA) က ကြီးမှူးကျင်းပသည့် (၂၂) ကြိမ်မြောက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက် (စနေနေ့) နံနက် (၉ : ၀၀) နာရီ တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် COVID-19 စည်းကမ်းချက်များနှင့်အညီ Virtual Ceremony ဖြင့် ကျင်းပခဲ့ပါသည်။ လက်ရှိကာလတွင် ဖြစ်ပွားနေသည့် COVID-19 ကူးစက်မြန်ရောဂါ အခြေအနေ ကြောင့် ယခုနှစ်ပူဇော်ကန်တော့ပွဲကို ယခင်နှစ်များကဲ့သို့ ရေဆင်းတွင်ပြုလုပ်နိုင်ခြင်း မရှိပဲ နေထိုင်မှု ပုံစံအသစ်အရ Online မှ တစ်ဆင့် Zoom application ကို အသုံးပြုကာ လိုက်လျောညီထွေမှုရှိစွာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။ ယခုနှစ်တွင် ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး...
Read More
စိုက်ပျိုးရေးတက္ကသိုလ် (၉၆)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်နှစ်ထပ်စာသင်ဆောင် နှစ်ဆောင်နှင့် ဌာနသစ်လေးခု တိုးချဲ့ဖွဲ့စည်းခြင်း အခမ်းအနားကို ဒီဇင်ဘာလ (၂၂)ရက် နံနက် (၈)နာရီတွင် စိုက်ပျိုးရေးတက္ကသိုလ် နှစ်ထပ်စာသင်ဆောင် ခန်းမ(၂)၌ ကျင်းပခဲ့ပါသည်။ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဉီးလှကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူမှ  အဆိုပါ အဆောက်အအုံများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ နှစ်ထပ်စာသင်ဆောင်နှစ်ဆောင်တွင် ရုံးခန်း၊ စာသင်ခန်းမနှင့် လက်တွေ့ခန်းများပါဝင်ပြီး ဌာနသစ်လေးခုအနေဖြင့် Depatment of Agricultural Extension, Department of Agricultural Microbiology,...
Read More

Follow Us

Twitter

Recent Posts