ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (NCSA Center) ၏ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတု ဒဏ် ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်း အတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများ ဆိုင်ရာ စာတမ်းဖတ်ပွဲ။ (ဇန်နဝါရီလ ၂၂ရက် ၂၀၂၁ခုနှစ်)

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (NCSA Center) ၏ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတု ဒဏ် ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်း အတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများ ဆိုင်ရာ စာတမ်းဖတ်ပွဲ
(ဇန်နဝါရီလ ၂၂ရက် ၂၀၂၁ခုနှစ်)

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၊ မြန်မာနိုင်ငံ FAO-SLM စီမံကိန်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး ဗဟိုဌာန (NCSA Center) တို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ်မြောက် အလုပ်ရုံ ဆွေးနွေးပွဲ နှင့် ရာသီဥတု ဒဏ်ခံနိုင်ရှည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက် အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုး တက် ရေး ကော်မတီ ဥက္ကဌ ဦးရန်လင်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ ဒေါက်တာ မျိုးကြွယ်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ဌာနေကိုယ်စားလှယ် Mr. Franz-Eugen Arnold ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြား ရေး မှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးဗဟိုဌာန နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MONREC နှင့် GEF တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ဌာနေကိုယ်စားလှယ်က ကျေးဇူးတင်စကား ပြောကြားပြီး ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နန်းဆိုင်ဟွမ် က ရာသီဥတုဒဏ် ခံနိုင် ရည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင် ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပါသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ အခြေစိုက် တည်ထောင်ထားသော အမျိုးသားအဆင့် ရာသီဥတု နှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး ဗဟိုဌာန အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအခြေအနေကို ထိန်းသိမ်းဆောင်ရွက်ရာတွင် ပြောင်းလဲလာသော ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေရန်နှင့် ပါဝင်ဆောင်ရွက်သူများ၏ စွမ်းရည်မြှင့်တင်နိုင်ရေး ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့်စိုက်ပျိုးရေးအဖွဲ့၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန တို့ ပူး‌ပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ယနေ့ကျင်းပပြုလုပ်သော ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင် ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲ ပထမအပိုင်းတွင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာလှသန်းက လည်းကောင်း၊ ဒုတိယပိုင်းတွင် ဒေါက်တာသီဟ (Sustainable Forest Management Specialist) နှင့် Mr. Jitendra P. Jaiswal (Climate Smart Agriculture Specialist) တို့က လည်းကောင်း အခမ်းအနား သဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ကြပြီး စာတမ်းရှင်များက စာတမ်း ၁၀ စောင် ဖတ်ကြား တင်သွင်းခဲ့ကာ ၁၅၀ ဦးခန့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ အခမ်အနားကို အောက်ဖော်ပြပါ Link များတွင်လည်း ကြည့်ရှု့နိုင်ပါသည်။

https://l.facebook.com/l.php?u=http%3A%2F%2Fwww.slmmyanmar.info%2Fnews%2Fnews-coverage-on-national-workshop-on-innovative-pathways-to-climate-resilient-livelihoods%2F%3Ffbclid%3DIwAR2hey7VjO4WS-Bqo3pJYgPfXZKJIcyuMHjQMSScRZafy4HQXrLNzshOJ2s&h=AT2TsIKGMkfkIHQi1Sy42udhUwaOcpd8u02WIoIBVzQ1Bt36Cu83qHhSkuxH3h6_k_AYkZpVaHW9eo4PZgaTYjRKLdF2UzFuWUKXP0Xw5OUCldubPprTdPWO8MrRpHCKppLBTA

https://l.facebook.com/l.php?u=https%3A%2F%2Fwww.agri.com.mm%2F13252-2%2F%3Ffbclid%3DIwAR32chkSM-rS91bq40IaDE8FiYFH3clwyXpYoR2TvAcuhOdPmNWVWGh8jG8&h=AT2TsIKGMkfkIHQi1Sy42udhUwaOcpd8u02WIoIBVzQ1Bt36Cu83qHhSkuxH3h6_k_AYkZpVaHW9eo4PZgaTYjRKLdF2UzFuWUKXP0Xw5OUCldubPprTdPWO8MrRpHCKppLBTA