ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ယာကဏ္ဍပညာသင်များ၏ အတွေ့အကြုံစာတမ်းဖတ်ပွဲ (ဇန်နဝါရီလ (၂၇) ရက်၊ ၂၀၂၁ ခုနှစ်)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးနိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ဖို့ အရည်အသွေးပြည့်ဝသော ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ် ဆိုင်ရာများကို ပြည့်ပြည့်ဝဝ နားလည်ကျွမ်းကျင်သော ပညာရှင်များ လိုအပ်ပါသည်။ ထိုကျွမ်းကျင်မှုများကို အတွေ့အကြုံများမှ လေ့လာဆည်းပူးသင်ယူကြရသကဲ့သို့ သုတေသနလုပ်ငန်း ဆောင်ရွက်မှုများမှတဆင့်လည်း ရယူနိုင်ကြပါသည်။ သုတေသနလုပ်ငန်းများမှတဆင့် ဆန်းသစ်တီထွင်မှုများ ဖြစ်ပေါ်လာကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အလွန်အရေးပါလှ
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (NCSA Center) ၏ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတု ဒဏ် ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်း အတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများ ဆိုင်ရာ စာတမ်းဖတ်ပွဲ။ (ဇန်နဝါရီလ ၂၂ရက် ၂၀၂၁ခုနှစ်)
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (NCSA Center) ၏ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတု ဒဏ် ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်း အတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများ ဆိုင်ရာ စာတမ်းဖတ်ပွဲ(ဇန်နဝါရီလ ၂၂ရက် ၂၀၂၁ခုနှစ်) ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၊ မြန်မာနိုင်ငံ FAO-SLM စီမံကိန်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး ဗဟိုဌာန (NCSA Center)
စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရများအသင်း (AUAA) က ကြီးမှူးသည့် (၂၂) ကြိမ်မြောက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကျင်းပခြင်း အခမ်းအနား။ (ဇန်နဝါရီလ ၁၆ ရက် ၂၀၂၁ ခုနှစ်)
စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရများအသင်း (AUAA) က ကြီးမှူးကျင်းပသည့် (၂၂) ကြိမ်မြောက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက် (စနေနေ့) နံနက် (၉ : ၀၀) နာရီ တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် COVID-19 စည်းကမ်းချက်များနှင့်အညီ Virtual Ceremony ဖြင့် ကျင်းပခဲ့ပါသည်။
စိုက်ပျိုးရေးတက္ကသိုလ် (၉၆)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် နှစ်ထပ်ကျောင်းဆောင်သစ် နှစ်ဆောင်နှင့် ဌာနသစ်လေးခု တိုးချဲ့ဖွဲ့စည်းခြင်းအခမ်းအနား။ (ဒီဇင်ဘာလ ၂၂ရက် ၂၀၂၀ခုနှစ်)
စိုက်ပျိုးရေးတက္ကသိုလ် (၉၆)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်နှစ်ထပ်စာသင်ဆောင် နှစ်ဆောင်နှင့် ဌာနသစ်လေးခု တိုးချဲ့ဖွဲ့စည်းခြင်း အခမ်းအနားကို ဒီဇင်ဘာလ (၂၂)ရက် နံနက် (၈)နာရီတွင် စိုက်ပျိုးရေးတက္ကသိုလ် နှစ်ထပ်စာသင်ဆောင် ခန်းမ(၂)၌ ကျင်းပခဲ့ပါသည်။ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဉီးလှကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်