ကိုရိုနာကူးစက်မြန်ရောဂါကို အထူးသတိထား ကြိုတင်ကာကွယ်ကြပါရန်

September 14 @ September 14 - September 14 UTC+0
Loading Events

« All Events

  • This event has passed.

ကိုရိုနာကူးစက်မြန်ရောဂါကို အထူးသတိထား ကြိုတင်ကာကွယ်ကြပါရန်

မြန်မာနိုင်ငံအတွင်းသို့ ကူးစက်မြန်ရောဂါ၏ ဒုတိယလှိုင်း စလာပါပြီ၊ ကူးစက်မှု မခံရရန် အားလုံးပူးပေါင်း ကာကွယ်ဆောင်ရွက်ကြရန်ဖြစ်ပါသည်။
တက္ကသိုလ်နယ်မြေအတွင်းရှိ ဆရာ/မများ၊ အရာထမ်း/အမှုထမ်းများ၊ မိသားစုဝင်များ နှင့် နယ်မြေအတွင်း ဝန်ဆောင်မှု အမျိုးမျိုးပေးနေသည့်သူများ COVID 19 ကူးစက်မြန်ရောဂါက ကင်းဝေးစေရန် ရည်ရွယ်၍ ကျောင်းအတွင်း ရောဂါကြိုတင် ကာကွယ်ရေး နှင့် ပညာပေးရေး working group ဖွဲ့စည်းပြီးဖြစ်ပါသည်။
မော်တော်ယာဉ်ဖြင့် မနက်/ညနေ (၂)ကြိမ် သတိပေးနှိုးဆော်ချက်များ၊ ပညာပေးလုပ်ငန်းများကို နယ်မြေတစ်ခုလုံးအတွင်း လှည့်လည် ဆောင်ရွက်မည်ဖြစ်ပါသည်၊ ဝိုင်းဝန်း ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် ဖြစ်ပါသည်။
တက္ကသိုလ်နယ်မြေ အပြင်ထွက်သည့် မိမိတို့၏ မိသားစုဝင်များကိုလည်း ထပ်ဆင့် အထူးသတိပေး ဆောင်ရွက်ကြရန်လည်း လိုအပ်ပါမည်။
မိမိနေထိုင်သည့် အိမ်ရာ၊ ဆိုင်ခန်းများတွင် ပစ္စည်း/ရေဗူး အတင်အချ ဝန်ဆောင်မှု ပြုသူများကိုလည်း၊ လက်ဆေး၊ Mask တပ်ပြီးမှသာ အတင်အချ ဆောင်ရွက်စေရန်လည်း လိုအပ်ပါမည်။
ရုံးမှ အိမ်သို့ ပြန်ရောက်လာတိုင်း အိမ်သူ/သားများနှင့် မထိတွေ့မီ စက္ကန့် (၂၀)လက်ဆေးခြင်း/အဝတ်အစားလဲခြင်း၊ ရေချိုးသန့်စင်ခြင်းတို့ကို ဆောင်ရွက်ရန်လိုပါမည်။ အိမ်ရှိသက်ကြီးရွယ်အို မိဘများ ကလေးငယ်များကို အထူးသတိထားပေးရန် လိုပါမည်။
လုပ်ငန်းခွင်သို့လာရောက်သည့်အခါ စက္ကန့် (၂၀)ကြာလက်ဆေးခြင်း၊ ခပ်ကြဲကြဲ ခပ်ခွာခွာဝင်ထွက်ခြင်း၊ လုပ်ငန်းခွင်အတွင်း Mask တပ်ခြင်း၊ အချင်းချင်း ခပ်ကြဲကြဲ ခပ်ခွာခွာနေ၍ လုပ်ငန်များကို ဆောင်ရွက်ခြင်း၊ မလိုအပ်ဘဲ ပြင်ပသို့ မထွက်ခြင်းတို့ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ဂရုတစိုက်ဆောင်ရွက်ရန် ဖြစ်ပါသည်။
လုပ်ငန်းခွင်အတွင်း အချင်းချင်းသတိပေးခြင်းကိုလည်း အနည်းဆုံး တစ်နေ့ (၃)ကြိမ် ဆောင်ရွက်ပေးကြရန် ဖြစ်ပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်တည်ရှိသည့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ နယ်မြေ (၇)ခုတို့ကလည်း မိမိနယ်မြေအလိုက် ရောဂါကာကွယ်ရေး မကူးစက်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာကြရန် ထပ်မံ သတိပေး တိုက်တွန်းအပ်ပါသည်။
“သတိဆိုသည်မှာ ပိုသည်မရှိ” သို့ဖြစ်၍ ရောဂါကူးစက်မှုကင်းဝေးရန်
“မိမိကိုယ်ကိုကာကွယ်ပါ”
“မိမိ မိသားစုကို ကာကွယ်ပါ”
“မိမိ လုပ်ငန်းခွင် အလုပ်လုပ်ဖော်ကို ကာကွယ်ပါ”
“မိမိ ရပ်ကွက်/နေအိမ် အိမ်နီးနားချင်းများကို ကာကွယ်ပါ”
ပူးပေါင်းပါဝင်မှု၊ အလေးထားဆောင်ရွက်မှုတို့ဖြင့် ကူးစက်မှုက ကင်းဝေးနိုင်ကြပါစေ။
သင့်တို့၏ YAU Working Team (၁၂/၉/၂၀၂၀)