၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအတွက် အရည်အသွေးစစ်ဆေးမည့် (QA/QC) အဖွဲ့အားတင်ဒါခေါ်ယူခြင်း။

October 12 @ October 12 - October 12 UTC+0
Loading Events

« All Events

  • This event has passed.

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအတွက် အရည်အသွေးစစ်ဆေးမည့် (QA/QC) အဖွဲ့အားတင်ဒါခေါ်ယူခြင်း။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအတွက် အရည်အသွေးစစ်ဆေးမည့် (QA/QC)ကုမ္ပဏီအားကြော်ငြာသင်ပုန်းကပ်၍အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း၊ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် အကြီးစားမွမ်းမံပြင်ဆင်ခြင်း လုပ်ငန်များကို အရည်အသွေးစစ်ဆေးရေး(QA/QC)အဖွဲ့အား ရွေးချယ်နိုင်ရေးအတွက် စိတ်ပါဝင်စားသော တိုင်းရင်းသားလုပ်ငန်းရှင်ကုမ္ပဏီများအနေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ပါသည်။

စဉ်လုပ်ငန်းအမျိုးအစားအရေအတွက်
၁။အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး ကြီးကြပ်စစ်ဆေးခြင်း(QA/QC)1 lot

၂။ တင်ဒါပုံစံ၊ အသေးစိတ်အချက်အလက်များ၊ စည်းမျဉ်းစည်းကမ်းများအား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ငွေကိုင်ဌာန၊ ဖုန်းနံပါတ် ၀၆၇-၃၄၁၆၆၈၆တွင် (၁၄.၁၀.၂၀၂၀)ရက်မှစ၍ ရုံးချိန်အတွင်း ဝယ်ယူရရှိနိုင်ပါသည်။

၃။ တင်ဒါလျှောက်လွှာပိတ်မည့်နေရက်နှင့် အချိန် – (၂၈.၁၀.၂၀၂၀)နေ့၊ ညနေ (၁၆:၀၀)နာရီ။

တင်ဒါလျှောက်လွှာပေးသွင်းရမည့်နေရာ – စီမံရေးရာဌာန၊ဘွဲ့နှင်းသဘင်ခန်းမ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဖုန်း ၀၆၇-၃၄၁၆၅၁၃။

၄။ တင်ဒါလျှောက်ထားသူများကို စိစစ်ရွေးချယ်ရာတွင် တင်ပြသောအဖွဲ့အစည်များ၏ Profile, Performance, Experience, PowerPoint ရမှတ်များအပေါ်တွင် အခြေခံ၍ ရွေးချယ်သွားမည် ဖြစ်ပါသည်။ တင်ဒါဖွင့်ပွဲကျင်းပမည့်ရက်နှင့် အချိန်ကို အချိန်မီတင်ဒါလျှောက်လွှာတင်သွင်းပြီးသူများသို့ အကြောင်းကြားပါမည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ