Knowledge Sharing
Announcement
Gmail (or) Email အသုံးပြုနည်း လမ်းညွှန်

အီလက်ထရောနစ်မေးလ်၊ အီးမေး (လ်) သို့မဟုတ်အီးမေး (လ်) ဆိုသည်မှာ တစ်ဉီးနှင့် တစ်ဉီး ဆက်သွယ်ရာတွင် ကွန်ယက်ပေါ်မှ တဆင့် မိမိကွန်ပျူတာ (သို့မဟုတ်) မိုဘိုင်းဖုန်းပေါ်တွင်သိမ်းဆည်းထားသော သတင်းအချက်အလက်များကို ပေးပို့သည့် စနစ်ဖြစ်သည်။ အီးမေးလ်သည်စာသား၊ ဖိုင်များ၊ ရုပ်ပုံများသို့မဟုတ်သတ်မှတ်ထားသောလူပုဂ္ဂိုလ်တစ် ဦး တစ်ယောက်သို့မဟုတ်အုပ်စုတစ်ခုသို့ကွန်ယက်မှတစ်ဆင့်ပေးပို့သောအခြားပူးတွဲဖိုင်များပါ ၀င်သောစနစ်လည်း ဖြစ်ပါသည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသူ/သားများ အနေဖြင့် ကျောင်းနှင့် သော်လည်းကောင်း၊ ဆရာ/မများဖြင့်သော်လည်းကောင်း၊ အချင်းချင်းဆက်သွယ်ရာတွင် အဆင်ပြေချောမွေ့စေရန် အတွက် ကျောင်းdomainပါ email accountများကို ရေဆင်းစိုက်ပျိုးရေးတက္ကိသိုလ် သတင်းအချက်အလက်နှင့် နည်းပညာဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ယခု လမ်းညွှန်တွင် အီးမေး(လ်) စတင်ဝင်ရောက်အသုံးပြုပုံနှင့် မေး(လ်) ပို့နည်းများကို အသုံးပြုရနားလည်လွယ်ကူစေရန် ဖုန်းတွင် အသုံးပြုနည်းနှင့် ကွန်ပျူတာတွင် အသုံးပြုနည်းများကို ရှင်းလင်းဖော်ပြထားပါသည်။ သိလိုသည်များရှိပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် သတင်းအချက်အလက်နှင့် နည်းပညာဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Follow Us

Twitter