စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ပထမနှစ်ဝင်ခွင့် ထပ်မံ လျှောက်လွှာခေါ်ယူခြင်း
(ထပ်မံ ဝင်ခွင့်ရ စာရင်းကို ကျောင်းဖွင့်ချိန်အမီ အသိပေး ကြေညာ သွားပါမည်။)

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

၂၀၂၂၊ အောက် ၂၇

၁။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.)၊ (၅)နှစ် သင်တန်းအတွက် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ လျှောက်ထားနိုင်သည်။

၂။ လျှောက်ထားသူသည်-(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။(ခ) ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းအမှတ် (၃၆၀)နှင့် အထက်ရရှိသူဖြစ်ရမည်။(ဂ) ကွင်းလက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်၍ မိမိနေထိုင်ရာ ဒေသရှိ မြို့နယ်ဆေးရုံ (သို့မဟုတ်) ကျောင်းအပ်နှံချိန်တွင် တက္ကသိုလ်တွင်းရှိ တိုက်နယ်ဆေးရုံ၌ ကျန်းမာရေး စစ်ဆေးခံယူ၍ ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာ တင်ပြရမည်။(ဃ) တက္ကသိုလ်မှ ချမှတ်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

၃။ ပထမနှစ်ဝင်ခွင့်လျှောက်လွှာကို မိမိအစီအစဉ်ဖြင့် (A4-size) ကွန်ပျူတာရိုက်၍ လျှောက်ထား နိုင်ပါသည်။

၄။ လျှောက်လွှာနှင့် အတူအောက်ဖော်ပြပါ အထောက်အထားများပူးတွဲတင်ပြရမည်။(က) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)(ခ) အမှတ်စာရင်း (မိတ္တူ) (ကျောင်းအပ်နှံချိန်တွင် မူရင်းတင်ပြရမည်)(ဂ) မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)(ဃ) လိုင်စင်ဓါတ်ပုံ (၃)ပုံ (ကျောင်းအပ်ချိန်တွင်ပေးအပ်ရန်)

၅။ လျှောက်လွှာကို အမှတ်စဉ်(၄)ပါ အထောက်အထားများနှင့်အတူ ၄-၁၁-၂၀၂၂ ရက်၊ (သောကြာနေ့) နောက်ဆုံးထား၍ ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့မဟုတ်) Email လိပ်စာ student-affairs@yau.edu.mm သို့ Scan ဖတ်၍ ပေးပို့လျှောက်ထားရန်ဖြစ်ပါသည်၊ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အထက်ပါ Email လိပ်စာ/ဖုန်း ၀၆၇-၃၄၁၆၅၁၂ နှင့် ၀၉၈၉၄၄၁၅၇၉၀ တို့ကို စုံစမ်းမေးမြန်း နိုင်ပါသည်။

၆။ အချက်အလက်များ မှန်ကန်မှုမရှိပါက ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၇။ ထပ်မံဝင်ခွင့်ရရှိသူများစာရင်းကို ကျောင်းဖွင့်ချိန်အမီ အသိပေးကြေညာမည်ဖြစ်သည်။


20221026.jpg
မိမိအစီအစဉ်ဖြင့် ကွန်ပြူတာစာစီ၍ လျှောက်တင်နိုင်ရန် လျှောက်လွှာနမူနာ ပုံစံ ဖြစ်ပါသည်။
press to zoom