First Year Entrance Announcement (2019-2020 Academic Year)

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်သင်တန်း တက်ရောက်ရန် ဝင်ခွင့်ရရှိသူ ကျောင်းသား (၂၁၂) ဦး၊ ကျောင်းသူ (၂၂၂) ဦး ၏ အမည်စာရင်း ကို ထုတ်ပြန်ကြေငြာလိုက်သည်။
 
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းအတွက် ဝင်ခွင့်ရရှိပြီး တက်ရောက်ပညာသင်ကြားလိုသူများသည် ဖော်ပြပါပုံစံတွင် ကွန်ပျူတာဖြင့် ရိုက်၍သော်လည်းကောင်း၊ လက်ရေးဖြင့်ရေး၍သော်လည်းကောင်း၊ အောက်ပါလိပ်စာများတွင် (၄-၁၁-၂၀၁၉ ရက်နေ့မှ ၈-၁၁-၂၀၁၉) ရက်နေ့အတွင်း အကြောင်းပြန်ကြားရန် ဖြစ်ပါသည်။
 
ကျောင်းအပ်လက်ခံမည့်ရက်မှာ(၂၅-၁၁-၂၀၁၉)ရက်နေ့မှ (၆-၁၂-၂၀၁၉) ရက်နေ့အထိ ဖြစ်ပါသည်။
 
ပေးပို့နိုင်သော လိပ်စာများမှာ
၁။ စာတိုက်မှ တစ်ဆင့် ပေးပို့ရန်မှာ
(ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်) သို့ လိပ်မူ၍လည်းကောင်း
၂။ email ဖြင့်ပေးပို့ရန်မှာ 2019intake@yau.edu.mm သို့ လည်းကောင်း
၃။ Facebook Messenger မှ ပေးပို့ရန်မှာ (https://www.facebook.com/YezinAgriculturalUniversity/) သို့ လည်းကောင်း
၄။ Viber ဖြင့် ပေးပို့ရန်မှာ ဖုန်းနံပါတ် (၀၉-၆၉၇၇၇၉၂၉၂) နှင့် (၀၉-၉၇၅၉၉၆၅၇၇) များသို့လည်းကောင်း ပေးပို့နိုင်ပါသည်။

Download File Here