top of page

တက္ကသိုလ်မိတ်ဆက်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (YAU) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်ပညာရေး တက္ကသိုလ်တစ်ခုဖြစ်သည်။ YAU ၏ အဓိက လုပ်ဆောင်ချက်များမှာ သင်ကြားရေးနှင့် လေ့ကျင့်ရေး ၊ သုတေသနပြုခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ ပညာပေး ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း ဖြစ်သည်။ တက္ကသိုလ်၏ ခိုင်မာတိကျသောရည်ရွယ်ချက်အနေဖြင့် နိုင်ငံ့စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အရည်အချင်းပြည့်မီသော ကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ပေးရန်ဖြစ်ပြီး ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ စီမံကိန်းရေးဆွဲဆောင်ရွက်မှု၊ သုံးသပ်လေ့လာခြင်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် ဖော်ထုတ်ဖွင့်ဆိုခြင်းဆိုင်ရာကျွမ်းကျင်မှု တို့နှင့်အတူ ခေတ်မီစိုက်ပျိုးရေးနည်းလမ်းများ အားကောင်းလာစေရန် ကောင်းမွန်လုံလောက်သော နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ပေးရန်ဖြစ်သည်။ 

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၄၀ မြင့်သော 19°52′ N, 96°37′ E တွင် တည်ရှိပြီး မြန်မာနိုင်ငံ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဒေသတွင် တည်ရှိပါသည်။ ရန်ကုန်မြို့မှ ကီလိုမီတာ (၄၁၀) ဝေးပြီး မန္တလေး မြို့မှ (၂၈၃) ကီလိုမီတာ ဝေးသည်။ မြောက်ဘက်ရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (UVS)၊ တည်ရှိပြီး သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတက္ကသိုလ် (UFES) နှင့် သစ်တောသုတေသနဌာန (FRI) တို့သည် အရှေ့ဘက်တွင်ရှိသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် တက္ကသိုလ်၏ တောင်ဘက်အရပ်တွင် ရှိပါသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း သည် တက္ကသိုလ်အနောက်ဘက်တွင် တောင်မှမြောက်သို့ သွယ်တန်းလျက် ရှိပါသည်။ YAU မြေဧရိယာသည် သည် (၁၄၆) ဟက်တာကျော်ရှိပြီး (၄၁) ဟက်တာခန့်ကို တက္ကသိုလ် သင်ကြားရေးနှင့် သုတေသန စိုက်ကွင်းများအဖြစ် တည်ဆောက်ထားပါသည်။

နယ်မြေဒေသအသီးသီးသို့ လွယ်ကူထိရောက်စွာ ထိတွေ့နိုင်ရန် နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှု များကို ဒေသခံစိုက်ပျိုးသူများနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံမှုရှိရန်၊ YAU သည် နိုင်ငံတစ်ဝှမ်းရှိ နယ်မြေကျောင်းခွဲ (၇) ခုရှိပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုပ် အထူးပြုလေ့လာမှုနှင့် ဒေသဆိုင်ရာကွင်းဆင်းလေ့လာမှုများ အတွက် ကို  နောက်ဆုံးနှစ် ဘွဲ့ကြိုသင်တန်း ကျောင်းသားများကို လက်ခံ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

၁)ဖြူးနယ်မြေကျောင်းခွဲ၊ပဲခူးတိုင်းဒေသကြီး

၂)မကွေးနယ်မြေကျောင်းခွဲ၊မကွေးတိုင်းဒေသကြီး

၃)ကျောက်ဆည် နယ်မြေကျောင်းခွဲ၊ မန္တလေးတိုင်းဒေသကြီး       

၄)မော်လမြိုင် နယ်မြေကျောင်းခွဲ၊ မွန်ပြည်နယ်

၅)အောင်ပန်း နယ်မြေကျောင်းခွဲ၊ရှမ်းပြည်နယ်      

၆)လှည်းကူးနယ်မြေကျောင်းခွဲ၊ရန်ကုန်တိုင်းဒေသကြီး

၇)မှော်ဘီနယ်မြေကျောင်းခွဲ၊ရန်ကုန်တိုင်းဒေသကြီး

 

တက္ကသိုလ်၏ဆောင်ပုဒ်

“စိုက်ပျိုးပညာ ပြည်ရွာဖွံ့ဖြိုးရေး”၊

တက္ကသိုလ်၏မျှော်မှန်းချက်

မြန်မာ့နိုင်ငံ လယ်ယာကဏ္ဍ နှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီအသိပညာ အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်၍ ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်း နှင့် အတူ ခေတ်မီ သိပ္ပံနည်းကျ စိုက်ပျိုးရေးဆိုင်ရာ အသိပညာ အတတ်ပညာများ ဖြန့်ဝေပေးနိုင်ခြင်း

 

တက္ကသိုလ်၏တာဝန်

  1. စိုက်ပျိုးရေးပညာပေးရေးနှင့် စိမ်းလန်းစိုပြေရေးမှတစ်ဆင့် လယ်ယာထွက်ကုန် ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊

  2. အသက်မွေးဝမ်းကြောင်း နှင့် စီးပွားရေး အခွင့်အလမ်းများ ပေးစွမ်းရန်နှင့် ကျွမ်းကျင်သော ကျွမ်းကျင်သော စိုက်ပျိုးရေးသမားများကို မွေးထုတ်ပေးရန်

  3. နိုင်ငံတော်၏ စိုက်ပျိုးရေး သုတေသန လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရာတွင် အစဉ်တစိုက် အထောက်အကူပြုစေရန်၊

Sunflowers

ကြှနျုပျတို့ကိုဆကျသှယျရနျ

လိပ်စာ

POBox 150501၊ Yezin၊

ဇေယျာသီရိမြို့နယ်၊

နေပြည်တော်၊ မြန်မာနိုင်ငံ။

ဆက်သွယ်ပါ။

ဖက်စ်-    _cc781905-5cde-3194-bb3b5-1365781905-781905-1945

ဖုန်း : +95 67 341 6513

အီးမေးလ်:    info@yau.edu.mm

အီးမေးလ်-   ir_yau@yau.edu.mm

ရုံး: +95 67 341 6688

  • Facebook
  • Twitter
bottom of page