ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ယာကဏ္ဍပညာသင်များ၏ အတွေ့အကြုံစာတမ်းဖတ်ပွဲ (ဇန်နဝါရီလ (၂၇) ရက်၊ ၂၀၂၁ ခုနှစ်)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးနိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ဖို့ အရည်အသွေးပြည့်ဝသော ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ် ဆိုင်ရာများကို ပြည့်ပြည့်ဝဝ နားလည်ကျွမ်းကျင်သော ပညာရှင်များ လိုအပ်ပါသည်။ ထိုကျွမ်းကျင်မှုများကို အတွေ့အကြုံများမှ လေ့လာဆည်းပူးသင်ယူကြရသကဲ့သို့ သုတေသနလုပ်ငန်း ဆောင်ရွက်မှုများမှတဆင့်လည်း ရယူနိုင်ကြပါသည်။ သုတေသနလုပ်ငန်းများမှတဆင့် ဆန်းသစ်တီထွင်မှုများ ဖြစ်ပေါ်လာကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အလွန်အရေးပါလှ…